ရှင်းကျန်းစစ်နယ်တွင် ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်

(GMT+08:00)2022-09-01 14:52:55  

ယခုရက်များတွင် ရှင်းကျန်းစစ်နယ်မှ စစ်တပ်တစ်တပ်သည် ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၅၀၀၀ ရှိ ကုန်းပြင်မြင့်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။ ခြေလျင်တပ်၊အင်ဂျင်နီယာတပ်၊အမြောက်တပ်နှင့် သံချပ်ကာတပ် စသည့်တပ်များသည် ထောက်လှမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ တိုက်ဖျက်ရေးနှင့် အကဲဖြတ်ရေးစသည့် လုပ်ဆောင်မှုများကို အဓိကပြုလုပ်ပြီး၊ ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားရာ ဒေသတွင် တပ်ဖွဲ့များ၏ ပူးတွဲတိုက်ခိုက်မှုစွမ်းရည်ကို အဆက်မပြတ်တိုးမြင့်စေခဲ့သည်။