ပါကစ္စတန်နိုင်ငံ၏ သုံးပုံတစ်ပုံ ရေလွှမ်းမိုးမှုကို ဂြိုလ်တုဓာတ်ပုံဖြင့် ပြသ

(GMT+08:00)2022-09-01 14:51:58  

ပါကစ္စတန်နိုင်ငံ နေရာအမြောက်အမြားတွင် ရေလွှမ်းမိုးမှု မဖြစ်ခင်နှင့် ဖြစ်ပြီးနောက် ထိတ်လန့််စရာ မြင်ကွင်းကို ဂြိုလ်တုဓာတ်ပုံဖြင့် ပြသထားပါသည်။

ယခုအကြိမ် မကြုံစဖူးသော ရေလွှမ်းမိုးမှုသည် ပါကစ္စတန်နိုင်ငံ၏ သုံးပုံတစ်ပုံကို ရေမြုပ်စေခဲ့ကြောင်း၊ အစွန်းရောက် ရာသီဥတု၏ အကျိုးဆက်များကို နိုင်ငံတစ်နိုင်ငံ တည်းက ကိုင်တွယ်ဖြေရှင်းနိုင်မှာ  မဟုတ်ကြောင်း ပါကစ္စတန် ရာသီဥတုပြောင်းလဲမှု ဝန်ကြီး ရှယ်လိ-လေမန်က သြဂုတ်လ ၂၉ ရက်နေ့က ပြောကြားသည်။

ဇွန်လ အလယ်ပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားစေသော အန္တရာယ် အမျိုးမျိုးကြောင့် လူပေါင်း ၁၁၆၂ ဦး သေဆုံးပြီး ၃၅၅၄ ဦး ဒဏ်ရာရရှိနေပြီ ဖြစ်ကြောင်း ပါကစ္စတန် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက သြဂုတ်လ ၃၀ ရက်နေ့ညက ကြေညာခဲ့သည်။