ရုရှားသည် ကနေဒါ အဆင့်မြင့်စစ်ရေး၊ နိုင်ငံရေး စသည့် နယ်ပယ်များမှ ပုဂ္ဂိုလ် ၅၅ ဦးတို့အား ရုရှားသို့ ဝင်ရောက်ခွင့် ပိတ်ပင်

(GMT+08:00)2022-09-01 14:53:19  

ဒေသစံတော်ချိန် သြဂုတ်လ ၃၁ ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့ရာ၊ ကနေဒါ အာဏာပိုင်သည် ရုရှားနိုင်ငံသားများအပေါ် တစ်နေ့တခြား များလာနေသည့် အရေးယူမှုများကို ကျင့်သုံးခဲ့သဖြင့်၊ အသွားရှိလျှင် အပြန်ရှိရသော သဘော အရ ကနေဒါ စစ်ရေး၊ နိုင်ငံရေး စသည့် နယ်ပယ်များမှ ပုဂ္ဂိုလ် ၅၅ဦးတို့အား ရုရှားသို့ ဝင်ရောက်ခွင့်ပိတ်ပင်ရန် ဆုံးဖြတ်လိုက်ကြောင်း၊ ၄င်းတို့အနက် ကနေဒါ ကြည်းတပ်နှင့်လေတပ်မှ ဒုတိယတပ်မှူးများ ပါဝင်ကြကြောင်း ဖော်ပြခဲ့သည်။