သိပ္ပံနည်းပညာသစ်ဖြင့် အစဉ်အလာယဉ်ကျေးမှုအားပံ့ပိုးပေးသဖြင့် “၂၀၂၂ ခုနှစ် China Media Group တရုတ်လမုန့်ပွဲတော် ညပဒေသာကပွဲ” သည်မျှော်လင့်ဖွယ်ကောင်း

(GMT+08:00)2022-09-01 14:53:55  

သြဂုတ်လ ၁၂ ရက်နေ့တွင် ၂၀၂၂ ခုနှစ် China Media Group တရုတ်လမုန့်ပွဲတော် ညပဒေသာကပွဲသည် လူအများထံသို့ ဆန်းသစ်တီထွင်သော ထူးခြားချက်များကို ထုတ်ပြန်ကြေညာလိုက်သည်။ ခေတ်မီသည့် ရုပ်မြင်သံကြားနည်းပညာအသုံးပြုမှု၊ အမျိုးစုံလင်သော အနုပညာပုံစံတင်ဆက်မှု စသည်တို့သည် တရုတ်အမျိုးသား ရိုးရာယဉ်ကျေးမှုထူးခြားချက်များ ပြင်းထန်သော ညပဒေသာကပွဲအား ထွန်းလင်းသွား စေမည်ဖြစ်သည်။

၂၀၂၂ ခုနှစ် China Media Group တရုတ်လမုန့်ပွဲတော် ညပဒေသာကပွဲက ကျန်းစူးပြည်နယ် စူးကျိုး ကျန်းကျားကန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းအသီးသီးအား စနစ်တကျဖော်ဆောင်လျက်ရှိသည်။ ညပဒေသာကပွဲတွင် တရုတ်လမုန့်ပွဲတော်ချိန်ခါ လယဉ်ကျေးမှုခေါင်းစဉ်ဖြင့် တမူထူးခြားသော ကျန်းနန်ဒေသထူးခြားချက်ပါဝင်တဲ့ စူးကျိုးဖိန်ထန်တေးသံစဉ်တီးခတ်မှုနှင့်အတူ ငွေရောင် လဝန်း ထွန်းလင်းမှု (Jiang Yue Chu Zhao)” “တောတောင်နှင့်လ (Shan He Ming Yue)” “လမုန့်ပွဲတော်နှင့်လ (Hao Yue Qian Qiu)” စသည့်ခေါင်းစဉ်သုံးခုဖြင့်စတင်မည်ဖြစ်သည်။ အစီအစဉ်တင်ဆက်မှုတွင် လမုန့်ပွဲတော်အချိန်အခါတွင်ပါဝင်သော ရိုးရာဓလေ့၊ ဇာတိမြေအားစွဲလမ်းသတိရမှုနှင့် နိုင်ငံတော်အပေါ်ခံစားချက်တွေကို တစ်သားတည်းအဖြစ် ပေါင်းစပ်ကာ တေးသံ အက၊ သံပြိုင်ဂီတ၊ ပြဇာတ်သံစဉ်တို့ကိုအဓိက Carrier အဖြစ်ထားကာ Rap၊ သရုပ်ဖော်တင်ဆက်မှုစသည့် အမျိုးစုံလင်ကို ထည့်သွင်းသွားမည် ဖြစ်ပြီး ပြည်မကြီးမှ အနုပညာရှင်များနှင့် ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်မှ အရွယ်စုံ ကျွမ်းကျင်တေးသံရှင်များက သာယာပြည့်စုံ၍ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ရုပ်သံခံစားချက်ကိုတင်ဆက်သွားမည်ဖြစ်သည်။