ဘန်ကောက်မြို့တွင် သြဂုတ်လအတွင်း ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံတစ်ဝန်း ပြင်းထန်သော ရေကြီးမှုများ ဖြစ်ပွားနိုင်ဖွယ်ရာရှိသည်ဟု ထိုင်း မိုးလေဝသဌာန ဆို

(GMT+08:00)2022-09-01 14:51:05  

ထိုင်းမိုးလေဝသဌာနမှ တာဝန်ရှိသူက လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသည် မိုးရွာသွန်းမှု အထွတ်အထိပ် ကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး ယခုနှစ် ပထမရှစ်လအတွင်း မြို့တော်ဘန်ကောက်၌ စုစုပေါင်း မိုးရေချိန် ၁၃၄၃ ဒသမ ၁ မီလီမီတာသို့ ရောက်ရှိခဲ့ကာ လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၃၅ ရာခိုင်နှုန်း တိုးများခဲ့ကြောင်း သြဂုတ်လ ၃၁ရက်နေ့တွင် ပြောကြားသည်။ ယင်းနှင့်ပတ်သက်၍ ထိုင်းမိုးလေဝသဌာနမှ တာဝန်ရှိသူက သြဂုတ်လအတွင်း ပုံမှန်မဟုတ်သော မိုးရွာသွန်းမှု၏ အဓိကအကြောင်းရင်းမှာ ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုနှင့် လာနီညာတို့၏ ရာသီဥတုအပေါ် သက်ရောက်မှုတို့ကြောင့် ဖြစ်ကြောင်း၊ ယင်းအချက်များသည် မုတ်သုံရာသီဇုန်တွင် တည်ရှိသော ထိုင်းနိုင်ငံ၌ ပြင်းထန်သောမိုးရွာသွန်းမှု ကို ဖြစ်ပွားစေလွယ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံ၏ ဒေသအများအပြားတွင် ဆိုးရွားသော ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပွားမည်ဟု  ခန့်မှန်းထားကြောင်း ပြောကြားပါသည်။