၂၀၂၂ ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲ သို့ တရုတ် သမ္မတ ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-09-01 14:50:18  

သြဂုတ်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည်  ၂၀၂၂ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲ သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန်က ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံမှ တံခါးဖွင့်ရေး တိုးချဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေကာ တီထွင်ဆန်းသစ်မှု ဦးဆောင်သော အရေးကြီးသည့် ပလက်ဖောင်းဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံး ဝန်ဆောင်မှု လုပ်ငန်းနှင့် ဝန်ဆောင်မှု ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန် အကျိုးပြုစွမ်းဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် တံခါးဖွင်ရေးဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးပြီး ဝန်ဆောင်မှုကဏ္ဍတွင် ဈေးကွက် ဝင်ရောက်ရန် သတ်မှတ်ထားတဲ့ သက် ဆိုင်ရာစံနှုန်းများကို အဆက်မပြတ် ဖြေလျှော့ကြောင်း၊ နိုင်ငံဖြတ်ကျော် ဝန်ဆောင်မှုကုန်သွယ်ရေး တံခါးဖွင့်ရေး အဆင့်အတန်းကို မြှင့်တင်ပြီး နိုင်ငံခြားသို့ တံခါးဖွင့်ရေး ပလက်ဖောင်းကို တိုးချဲ့ဆောင်ရွက်ကာ စံနှုန်းမြင့် ဝန်ဆောင်မှုလုပ်ငန်း တံခါးဖွင့်ရေးစည်းစနစ်ကို ထူထောင်ရန် ကြိုးပမ်းဆောင်ရွက်ကြောင်း ဖော်ပြခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့နှင့်အတူ စစ်မှန်သော ဘက်ပေါင်းစုံ မူဝါဒကို စွဲကိုင်ထားပြီး အားလုံး ပါဝင်နိုင်ကာ အပြန်အလှန် အကျိုးရရှိစေရေးကို စွဲကိုင်ထား၍ တံခါးဖွင့်ပြီး မျှဝေခံစားနိုင်သော ဝန်ဆောင်မှု စီးပွားရေးကို တွန်းအားပေးပြီး ကမ္ဘာ့စီးပွားရေး နာလန်ထူရေးအတွက် ပါဝါထည့်သွင်းရန် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း အလေးထားဖော်ပြခဲ့ပါသည်။