ဂျပန်သည် စစ်ရေးလုံခြုံမှုနယ်ပယ်တွင် ချင့်ချင့်ချိန်ချိန် ပြောဆိုလုပ်ဆောင်သင့်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-08-31 13:20:14  

   ဂျပန်၏ စစ်ရေး စွမ်းဆောင်နိုင်စွမ်းကို တိုးမြှင့်ရေးဆိုင်ရာ ဂျပန် အရာရှိ၏ ပြောဆိုချက်ကို ရည်ညွှန်းပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဂျပန်သည် စစ်ရေးလုံခြုံမှုနယ်ပယ်တွင် ချင့်ချင့်ချိန်ချိန် ပြောဆိုလုပ်ဆောင်သင့်ကြောင်း၊ သို့မှသာ အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာ မိသားစုကြီးမှ ယုံကြည်မှုကို အမှန်တကယ် ရရှိနိုင်မည် ဖြစ်ကြောင်း သြဂုတ်လ ၃၀ ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

   ကျောက်လိကျန်းက ဂျပန်အနေနှင့် သမိုင်းသင်ခန်းစာကိုယူပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေး လမ်းကြောင်းကို စွဲကိုင်၍ အာရှ အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ အာရုံစိုက်ဖွယ်ရာအချက်များကို ထိရောက်စွာ လေးစားသင့်ကြောင်း ပြောကြားပါသည်။

   ဂျပန် ကာကွယ်ရေး ဝန်ကြီး ယာစူကီချီ ဟာမာတာက Hypersonic  လက်နက် အကြောင်းကို ပြောမိခဲ့ချိန်တွင် ဂျပန်က တားမြစ်စွမ်းအားကို တိုးမြှင့်ရမည့်အပြင် တုံ့ပြန် တိုက်ခိုက်ရေးစွမ်းအားကိုလည်း ရှိရမည်ဟု ပြောဆိုခဲ့သည်။