အိန္ဒိယတွင် တရားမဝင်တည်ဆောက်ထားသော မီတာ ၁၀၀မြင့် “Twin Towers”ကို ဖောက်ခွဲ ဖြိုဖျက်

(GMT+08:00)2022-08-31 13:28:18  

    မကြာခင်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မီတာ ၁၀၀ မြင့်သော “Twin Towers”ကို ဖောက်ခွဲ ဖြိုဖျက်ခဲ့ပြီး အကြောင်းရင်းကတော့ တာဝါနှစ်ခု ဆောက်လုပ်ခြင်းသည် သက်ဆိုင်ရာ စည်းမျဉ်းဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပါသည်။ ဖြိုဖျက်ရေးလုပ်ငန်းများကို မစတင်ခင်က အနီးရှိ နေထိုင်သူများအား နေရာရွှေ့ပြောင်းပေးခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိလမ်းများကို ခေတ္တပိတ်ဆို့ထားပါသည်။

    ပေါက်ကွဲမှုသည် ၉ စက္ကန့်ကြာပြီး ဒိုင်းနမိုက် ကီလိုဂရမ် ၃၇၀၀ ကို အသုံးပြုကာ ဆောက်လုပ်ရေး အမှိုက် တန်ချိန် ၈သောင်းခန့် ရရှိခဲ့သည်။