ဆိုဗီယက်ယူနီယံ၏ နောက်ဆုံးခေါင်းဆောင်ဖြစ်သူ Gorbachev ကွယ်လွန်

(GMT+08:00)2022-08-31 13:32:55  

ဒေသစံတော်ချိန် ၃၀ ရက်နေ့ ညက ရုရှားသမ္မတရေးရာဗျူရို ဗဟိုလက်တွေ့ဆေးရုံက ဆိုဗီယက်ယူနီယံ၏ နောက်ဆုံးခေါင်းဆောင်ဖြစ်သူ Gorbachevသည် ထိုနေ့ညတွင် ကာလကြာရှည်စွာ ကုသမှု အကျိုးသက်ရောက်မှု မရှိသဖြင့် အသက် ၉၁နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

Gorbachev ကို မော်စကိုမြို့ Novodevichy Cemetery သုသာန်တွင် ၎င်း၏ဇနီး သင်္ဂြိုဟ်ခဲ့သည့် သင်္ချိုင်းဘေးတွင် မြှုပ်နှံမည်ဟု TASS သတင်းဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။