အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို လာမည့် အောက်တိုဘာလ ၁၆ရက်နေ့တွင် ပီကင်းမြို့၌ ကျင်းပရန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဆိုပြုမည်

(GMT+08:00)2022-08-31 13:18:16  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် သြဂုတ်လ ၃၀ရက်နေ့က အစည်းအဝေးကို ကျင်းပပြီး ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ သတ္တမအကြိမ် စုံညီအစည်းအဝေးနှင့် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို လေ့လာခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် သည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ သတ္တမအကြိမ် စုံညီအစည်းအဝေးကို လာမည့်အောက်တိုဘာလ ၉ရက်နေ့တွင် ပီကင်းမြို့၌ ကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို လာမည့်အောက်တိုဘာလ ၁၆ရက်နေ့တွင် ပီကင်းမြို့၌ ကျင်းပရန်အတွက် ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ သတ္တမအကြိမ် စုံညီအစည်းအဝေးထံသို့ အဆိုပြုမည်ဖြစ်ပါသည်။

အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် ပါတီဗဟိုကော်မတီသစ်နှင့် ဗဟို ကော်မတီ စည်းမျဉ်း စည်းကမ်းကြပ်မတ်ရေးကော်မတီသစ်ကို ရွေးချယ်တင်မြှောက်မည် ဖြစ်ပါသည်။