တရုတ်သည် ပါကစ္စတန် ရေဘေး ဒုက္ခသည်များ၏ အခြေအနေကို အာရုံစိုက်

(GMT+08:00)2022-08-31 13:39:01  

ယခုလ ၃၀ ရက်နေ့က ကျင်းပသောပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပါကစ္စတန်၌ ရေကြီးရေလျှံမှု ဖြစ်ပွားကတည်းက တရုတ် နိုင်ငံသည် ပါကစ္စတန် ရေဘေးဒုက္ခသည်များကို အာရုံစိုက်ပြီး ပါကစ္စတန် ရင်ဆိုင်နေရသော အခက်အခဲများကို မိမိကိုယ်တိုင် ရင်ဆိုင်နေသလို ခံစားရကြောင်း၊ ယခုလ ၃၀ ရက်နေ့က တရုတ်လေတပ်သည် Y-20 သယ်ဆောင်ရေး လေယာဉ်ဖြင့် ရွက်ဖျင်တဲ ၃၀၀၀ အပါအဝင် လူသားချင်းစာနာထောက်ထားရေး ပစ္စည်းများကို ပါကစ္စတန်သို့ အရေးပေါ်ပို့ဆောင်ပေးကြောင်း ပြောကြားသည်ဟု သတင်းအရ သိရပါသည်။