မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ ယာဉ်တိုက်မှုကြောင့် လူ၉ဦး သေဆုံးပြီး ၅ဦးဒဏ်ရာရရှိ

(GMT+08:00)2022-08-31 13:23:54  

သြဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီးတွင် ဘိလပ်မြေ တင်ဆောင်ထားသည့်ကားတစ်စီးနှင့် ခရီးသည်တင်ကားတစ်စီး တိုက်မိသောကြောင့် ခရီးသည်တင်ကားပေါ်က ခရီးသည် ၁၄ဦးအနက် ၉ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။