အင်ဂျင် ချို့ယွင်းမှုကြောင့် အမေရိကန်၏ မျိုးဆက်သစ် လကမ္ဘာ ဒုံးပျံ လွှတ်တင်ရန် နှောင့်နှေး

(GMT+08:00)2022-08-31 13:26:29  

ဒေသစံတော်ချိန် ဩဂုတ်လ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံ နာဆာ၏ မျိုးဆက်သစ် လကမ္ဘာ ဒုံးပျံ "အာကာသလွှတ်တင်ရေးစနစ်" ၏ အင်ဂျင်ချို့ယွင်းမှုကြောင့် လွှတ်တင်ရန် နှောင့်နှေးခဲ့ရကြောင်း၊ အဆိုပါ ဒုံးပျံအား ထိုနေ့တွင် လွှတ်တင်ပြီး Artemis အမှတ်-၁ မောင်းသူမဲ့ လကမ္ဘာပတ် စမ်းသပ်ပျံသန်းရေး တာဝန်ကို လုပ်ဆောင်ရန် မူလက စီစဉ်ထားကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။