မကာအို၌ တပ်စွဲသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ ၂၃ကြိမ်မြောက် အလှည့်အပြောင်းကို အောင်မြင်စွာပြီးစီး

(GMT+08:00)2022-08-31 13:25:17  

မကာအို၌ တပ်စွဲသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့သည် ဩဂုတ်လ ၂၉ရက်နေ့က မကာအိုသို့ ဝင်ရောက်လာခဲ့သည့်နောက်ပိုင်းတွင် ၂၃ကြိမ်မြောက် အလှည့်အပြောင်းကို အောင်မြင်စွာပြီးမြောက်ခဲ့သည်။ ယခုအကြိမ် အလှည့်ကျ မကာအိုမှ ထွက်ခွာလာသော စစ်မှုထမ်းများသည် တာဝန်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့် မကာအို စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကို ကာကွယ် ထိန်းသိမ်းခဲ့ပြီး ကောင်းမွန်သော ပြည်သူ့တပ်မတော်၏ ပုံရိပ်ကို ပြသခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။