ရှင်းကျန်းကို သွားလာသော တတိယမြောက် အမြန်လမ်းကို ဖွင့်လှစ်

(GMT+08:00)2022-08-31 13:22:55  

တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ရိုချန်းခရိုင်အတွင်းရှိ ယီထွန်ပလပ်ခ်မှ ရိုချန်းအထိ အမြန်လမ်းကို သြဂုတ်လ ၃၀ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ ယီထွန်ပလပ်ခ်မှ ရိုချန်းအထိ အမြန်လမ်းသည် စုစုပေါင်းအရှည် ၂၉၄ ကီလိုမီတာရှိပြီး ရှင်းကျန်းကို သွားလာသော တတိယမြောက် အမြန်လမ်းဖြစ်သည်။

လမ်းဖွင့်ပြီးနောက် ပြည်သူများ သွားရေးလာရေး လွယ်ကူစေရုံသာမက ဒေသ အထူးထွက် ကုန်များ အမြန်ရောင်းချနိုင်စေရန်လည်း အကျိုးရှိမည်ဖြစ်ပါသည်။