အာဖရိကကို ဂျပန်၏ အကူအညီ သဘောရိုး မထား

(GMT+08:00)2022-08-30 16:21:41  

ဂျပန်ဦးဆောင်သော အဋ္ဌမ အကြိမ်မြောက် အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (TICAD) ကို ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ တူနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။ ဂျပန် အဓိက မီဒီယာများ၏ သတင်းထုတ်ပြန်ချက်များအရ ဖြစ်ဖြစ်၊ အစည်းအဝေးတွင် ဂျပန်အရာရှိများ၏ မိန့်ခွန်းပြောကြား ချက်များအရ ဖြစ်ဖြစ်၊ ယခုအကြိမ် အစည်းအဝေးတွင် အာဖရိကကို ကူညီထောက်ပံ့မည်ဟု ဂျပန်၏ ကတိပေးမှု သဘောရိုး မထားခြင်းကို ပြဆိုနေသည်။ တရုတ်နိုင်ငံသည် အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိသော်လည်း အစည်းအဝေး၏ “ဇာတ်လိုက်” နောက်တကြိမ် ဖြစ်လာသည်။

အာဖရိကဖွံ့ဖြိုးတိုးတက်ရေးညီလာခံတွင် ဂျပန်ဝန်ကြီးချုပ် Fumio Kishidaက လာမည့် သုံးနှစ်အတွင်း အာဖရိကတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကို ရင်းနှီးမြှုပ်နှံပြီး အာဖရိကအတွက် လူရည်ချွန် ၃သိန်းကို ပြုစုပျိုးထောင်သွားမည်ဖြစ်ကြောင်း ဗီဒီယိုမိန့်ခွန်းမှ ပြောကြားခဲ့ပါသည်။ ၄င်းက"ယင်းသည် တရုတ်နိုင်ငံ၏ လုပ်ရပ်နှင့် မတူပါ" ဟုလည်း အလေးထား ပြောကြားခဲ့သည်။ ၂၈ ရက်နေ့ထုတ် ဂျပန်အကြီးဆုံးသတင်းစာ "Asahi Shimbun"တွင် ဝန်ကြီးချုပ် Fumio Kishida၏ အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေးကို ခိုင်မာစေသည့် ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံအား ခုခံယှဉ်ပြိုင်ရန် ဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိတွင် အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ရင်ဆိုင်နေရသော အဓိက ကန့်သတ်မှုများမှာ ဈေးကွက်အတိုင်းအတာ မကြီးမားခြင်း၊ လယ်ယာထွက်ကုန်နှင့် သတ္တုထွက်ကုန်များကို ရောင်းချရန် လိုအပ်နေခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာရင်းအရ ၂၀၁၈ ခုနှစ်အတွင်း ဂျပန်နှင့် အာဖရိကကြား သွင်းကုန်ပို့ကုန် ပမာဏမှာ ကန်ဒေါ်လာ ဘီလီယံ ၂၀ အောက်သာ ရှိခဲ့ကြောင်း သိရသည်။  ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် အာဖရိကနှင့် ဂျပန်၏ စီးပွားရေး ဆက်ဆံမှု တစ်ဆင့်တိုး ခပ်တန်းတန်း ဖြစ်သွားခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံသည် အာဖရိကတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် ထပ်ခါတလဲလဲ ကတိပြုထားသော်လည်း အမှန်တကယ်တော့ ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းအချက်  အလက်များမှာ ဆက်လက် ကျဆင်းနေပြီး လွန်ခဲ့သည့် ၂နှစ်အတွင်း ကန်ဒေါ်လာ ၅ ဘီလီယံခန့်အထိ ကျဆင်းသွားခဲ့သည်။

အာဖရိကနိုင်ငံတွေကို ပိုပြီး မေးခွန်းထုတ်စရာဖြစ်စေသည်မှာ အာဖရိကကို ဂျပန်၏ ကူညီထောက်ပံ့မှုက အာဖရိက အတွက်လား ဒါမှမဟုတ် ဂျပန်၏ အကျိုးစီးပွားအတွက်လား ဆိုတာပင် ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ဂျပန်သည် အာဖရိကတွင် ကူညီထောက်ပံ့မှုကို တိုးမြှင့်မည်ဟု တဖွဖွ ပြောကြားခဲ့သည်။ ရည်ရွယ်ချက်မှာ အာဖရိကတွင် ၎င်း၏တည်ရှိမှုကို တိုးမြှင့်ရန်၊ တရုတ်နှင့် ခုခံယှဉ်ပြိုင်ရန် ဖြစ်သည့်အပြင် ငွေကြေးများဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ဖြစ်ရန်အတွက်လည်း ဖြစ်သည်။ မကြာခင်နှစ်များတွင် ဂျပန်နိုင်ငံက အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ စသည့် နိုင်ငံတကာ အခမ်းအနားများတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးသည် ဂျပန်နှင့် အာဖရိကတို့၏ ဘုံရည်မှန်းချက်ဖြစ်ကြောင်း ကြိမ်ဖန်များစွာ ပြောကြားခဲ့ဖူးသည်။

အာဖရိကသည် zero-sum game အတွက် ယှဉ်ပြိုင်ရာ နေရာ မဟုတ်ဘဲ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ဈေးကွက်ကြီးတစ်ခုဖြစ်သည်။ Fumio Kishida က ဂျပန်သည် အာဖရိကနှင့် အတူ ဖွံ့ဖြိုးတိုးတက်လာကြမည်ဟု ပြောကြားသည်။ ထို့ကြောင့် ဂျပန်သည် တရုတ်နိုင်ငံကဲ့သို့ အာဖရိက ပြည်သူများ အပေါ် ရိုးသားမှု ထားရှိရမည် ဖြစ်ပြီး ၎င်းတို့အား တန်းတူညီမျှမှု၊ လေးစားမှု၊ အပြန်အလှန် အကျိုးခံစားရရှိစေရမည် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို လုံးဝ မပြောဘဲ ခုခံယှဉ်ပြိုင်မှုကိုသာ အလေးပေးထားသည့်  ကူညီထောက်ပံ့မှုမျိုးသည် အာဖရိက အမှန်တကယ် လိုအပ်သည့်အရာ မဟုတ်ပါ။