"Noble Partner" နိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို ဂျော်ဂျီယာနိုင်ငံတွင် ကျင်းပ

(GMT+08:00)2022-08-30 17:22:19  

    နေတိုးအဖွဲ့ဝင်နိုင်ငံများ ဦးဆောင်သော "Noble Partner" နိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို ၂၉ ရက်နေ့က ဂျော်ဂျီယာနိုင်ငံ တီပီလစ်စီမြို့တော်အနီးရှိ ဗါဂျာနီ စစ်စခန်းတွင် ဖွင့်လှစ်ခဲ့ရာ ဂျော်ဂျီယာ၊ အမေရိကန်၊ ဗြိတိန်၊ ပိုလန်၊ မော်ဒိုဗါနှင့် အာဇာဘိုင်ဂျန် စသည့် ၂၁ နိုင်ငံမှ စစ်မှုထမ်း ၂၄၀၀ ကျော် ပါဝင်ခဲ့ကြပါသည်။ ဂျပန်နှင့် ဆွီဒင်ကလည်း ပထမဆုံးအကြိမ် ယင်းစစ်ရေးလေ့ကျင့်ပွဲကို ပါဝင်ကြ ပါသည်။ ယခုအကြိမ် စစ်ရေးလေ့ကျင့်ပွဲသည် မိတ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်နှင့် ပင်လယ်နက်ဒေသ၏ တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်ထားကြောင်း ဂျော်ဂျီယာ ကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြသည်ဟု သတင်းရရှိပါသည်။