ပါကစ္စတန်တွင် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းသောကြောင့် လူ ၁၁၃၆ဦး သေဆုံး

(GMT+08:00)2022-08-30 17:24:11  

ပါကစ္စတန်နိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၏ သြဂုတ်လ ၂၉ရက်နေ့က ထုတ်ပြန်သည့် သတင်းအချက်အလက်အရ ဇွန်လ လလယ်ပိုင်းကစပြီး ပါကစ္စတန်နိုင်ငံတွင် မုတ်သုံရာသီ မိုးရွာသွန်းမှုကြောင့် သေဆုံးသူ ၁၁၃၆ ဦးအထိ မြင့်တက်လာပြီး ၁၆၃၄ဦး ဒဏ်ရာရရှိကာ လူပေါင်း ၃၃သန်းကျော် ဘေးသင့်ခဲ့ရကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

    သက်ဆိုင်ရာသတင်းအရ ပါကစ္စတန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေဘေးကြောင့် အဝေးပြေးလမ်း ၃၄၇၁ ကီလိုမီတာ၊ တံတား ၁၆၂ ခုနှင့် အိမ်ခြေ ၁သန်း ကျော် ပျက်စီးခဲ့ကြောင်း သတင်းရရှိပါသည်။