ဆီးရီးယားတွင် တရားမဝင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့သည် ဆီးရီးယားရေနံကို ထပ်မံခိုးယူ

(GMT+08:00)2022-08-30 17:22:49  

ဆီးရီးယားတွင် တရားမဝင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့သည် ရေနံတင်ကား ၁၂၃ စီးဖြင့် ဆီးရီးယားအရှေ့မြောက်ပိုင်း ရေနံမြေမှ ခိုးယူသည့် ရေနံများကို အသုတ်ခွဲပြီး အီရတ်သို့ ဦးတည်၍ အီရတ်ရှိ အမေရိကန် အခြေစိုက်စခန်းသို့ တစ်ဆင့်တက် ပို့ဆောင်ရန် စောင့်ဆိုင်းလျက်ရှိသည်ဟု ဆီးရီးယားသတင်းဌာနမှ ယခုလ ၂၉ ရက်နေ့က သတင်းအရ သိရကြောင်း China Media Group မှ ဖော်ပြသည်။

သြဂုတ်လတွင် အမေရိကန်တပ်ဖွဲ့သည် ၈ ကြိမ် ထက်မနည်း ဆီးရီးယားရေနံကို ခိုးယူပို့ဆောင်ခဲ့သောကြောင့် ဆီးရီးယားပြည်တွင်းအား စွမ်းအင်ချို့တဲ့သောအခြေအနေသို့ ကျရောက်စေခဲ့သည်ဟု သတင်းအရသိရသည်။