ကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ယူကရိန်းသို့ ရေကြောင်းဖြင့် လက်နက်များ ပို့ဆောင်မှု တိုးချဲ့သည်ဟု ကန်မီဒီယာဆို

(GMT+08:00)2022-08-30 17:21:33  

မကြာခင်က အမေရိကန် ဝါရှင်တန်ပို့စ် သတင်းစာသည် အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန၏ သတင်းကို ကိုးကား၍ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ယူကရိန်းသို့ ပင်လယ် ရေကြောင်းဖြင့် လက်နက်များပို့ဆောင်မှု တိုးချဲ့ကြောင်း ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွား၍ ၃၊၄ပတ်ပြီးနောက် အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနသည် ပင်လယ် ရေကြောင်းဖြင့် ယူကရိန်းသို့ လက်နက် စတင် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုအချိန်တွင် အမေရိကန်က ယူကရိန်းသို့ လက်နက်ပို့ဆောင်သည့် အဓိကနည်းလမ်းသည် ပိုမို မြန်ဆန်သော လေကြောင်းဖြစ်သည်။ သို့သော် စစ်ပွဲအခြေအနေ ဆက်တိုက်ပြင်းထန်လာသောကြောင့် ယူကရိန်း၏ လက်နက်လိုအပ်ချက် တစ်နေ့တခြား တိုးလာကြောင်း၊ အမေရိကန်သည် ယူကရိန်းသို့ လက်နက်ကြီးများ ဆက်တိုက် ပို့ဆောင်သဖြင့် လေကြောင်းပို့ဆောင်ရေး၏ အားနည်းချက် ပေါ်လာကြောင်း၊ ထို့ကြောင့် အမေရိကန်စစ်ဘက်သည် သယ်ဆောင်နိုင်စွမ်း ပိုမိုကြီးမားသော ပင်လယ်ရေကြောင်းဖြင့် ယူကရိန်းသို့ ပိုမိုများပြားသော လက်နက်များကို ပို့ဆောင်ပေးကြောင်း သတင်းအရ သိရပါသည်။