တရုတ်တပ်ဖွဲ့သည် ရုရှား“Vostok-2022”စစ်ရေးလေ့ကျင့်ပွဲတွင် ပါဝင်မည်

(GMT+08:00)2022-08-30 17:25:15  

ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနသည် ဒေသစံတော်ချိန် သြဂုတ်လ ၂၉ ရက်နေ့က ကြေညာချုက်ကို ထုတ်ပြန်ခဲ့ရာ၊ “Vostok-2022”စစ်ရေး လေ့ကျင့်ပွဲကို ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ရုရှား အရှေ့ပိုင်းစစ်နယ်၏ လေ့ကျင့်ရေးကွင်း ၇ခု နှင့် Okhotsk ပင်လယ် စသော ရေပြင်နှင့် ကမ်းရိုးတန်းဒေသ၌ ကျင်းပမည်ဖြစ်ကြောင်း၊ ညွန့်ပေါင်းတပ်ဖွဲ့များ ဖြတ်ကျော်ခြင်းနှင့် မဟာမိတ်တပ်ဖွဲ့များ၏ လှုပ်ရှားမှုကို လေ့ကျင့်မည် ဖြစ်ကြောင်း၊ အရှေ့ပိုင်းစစ်နယ်မှ တာဝန်ယူသော အကျယ်အဝန်း၌ စစ်ရေးလုံခြုံမှုကို အာမခံပေးရန်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

တရုတ်တပ်ဖွဲ့သည် ၄င်းစစ်ရေးလေ့ကျင့်ပွဲတွင် ပါဝင်မည်ဟု သိရသည်။