၂၀၂၂ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲကို "ဝန်ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေးဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပြီး အစိမ်းရောင် ဆန်းသစ်တီထွင်မှုဖြင့် အနာဂတ်ကို ကြိုဆိုခြင်း" ဆောင်ပုဒ်ဖြင့် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အထိ တရုတ်နိုင်ငံ နိုင်ငံတော်အစည်းအဝေးစင်တာနှင့် ပီကင်း ရှိုကမ်း အဆင့်မြင့်နည်းပညာ အထွေထွေ ကုန်ထုတ်လုပ်မှုဇုန်တွင် ကျင်းပမည်ဖြစ်ပါသည်။ ယခုအကြိမ် ကုန်စည်ပြပွဲတွင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုပြခန်းကို အသစ်ဖွင့်လှစ်ပြီး ဂေဟစနစ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် အစိမ်းရောင်စွမ်းအင် ချွေတာရေး နည်းပညာသစ် များကို ဘက်စုံ ပြသမည့်အပြင် ဒီဂျစ်တယ်နည်းပညာ အသစ်များကိုလည်း ပိုမိုပြသမည်ဖြစ်ကာ ဆက်သွယ်ရေးဝန်ဆောင်မှုပြခန်းတွင် Metaverse Experience Hall ကို ထားရှိပါသည်။
၂၀၂၂ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲကို သြဂုတ်လ ၃၁ရက်နေ့တွင် စတင်ကျင်းပမည်
(GMT+08:00)2022-08-30 12:51:58