၁၀ ကြိမ်မြောက် NPT စိစစ်ရေး အစည်းအဝေးတွင် ရလဒ်စာတမ်း အတည် မပြုခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်း တရုတ် ဆို

(GMT+08:00)2022-08-30 17:23:45  

၁၀ ကြိမ်မြောက် နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) စိစစ်ရေး အစည်းအဝေးကို ပြီးခဲ့သည့်အပတ်က ကျင်းပပြီးစီးခဲ့ကြောင်း၊ သို့သော် စာချုပ်ချုပ်ဆိုသော နိုင်ငံများသည် ရလဒ်စာတမ်းနှင့်ပတ်သက်၍ သဘောတူညီမှု မရရှိခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံသည် ယင်းအတွက် ဝမ်းနည်းပါကြောင်း ၊ စာချုပ်ယန္တရားသည် လေဟာထဲတွင် လည်ပတ်ခြင်း မဟုတ်ဟု ထပ်မံသက်သေပြခဲ့ကြောင်း ၂၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

       ကျောက်လိကျန်းက အစည်းအဝေး ရလဒ် စာတမ်း ရရှိမှု ပျက်ကွက် ခြင်းသည် အစည်းအဝေး မအောင်မြင်ဟု ပြသခြင်း မဟုတ်ကြောင်း တရုတ်နိုင်ငံက မှတ်ယူသည်ဟု ပြောကြားခဲ့ပါသည်။