တရုတ် အနောက်ပိုင်း ကုန်း-ပင်လယ်လမ်းကြောင်းသစ် ရေကြောင်းနှင့် မီးရထား ပူးတွဲသယ်ယူပို့ဆောင်ရေးဆိုင်ရာ ရထား၏ အကြိမ်၂၀၀၀၀ ခရီးစဉ်

(GMT+08:00)2022-08-30 17:21:02  

သြဂုတ်လ ၂၉ရက်နေ့က ပင်လယ်ရေကြောင်းနှင့်မီးရထား ပူးတွဲသယ်ယူပို့ဆောင်ရေး ဆိုင်ရာ ကွန်တိန်နာ(Container)ရထားတစ်စင်းသည် တရုတ်နိုင်ငံ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ချင်ကျိုး ဘူတာရုံမှ ထွက်ခွာခဲ့ပါသည်။ ၄င်းမှာ တရုတ် အနောက်ပိုင်း ကုန်း-ပင်လယ်လမ်းကြောင်းသစ် ရေကြောင်းနှင့်မီးရထား ပူးတွဲသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ရထား၏ အကြိမ်၂၀၀၀၀ ခရီးစဉ်ဖြစ်ပါသည်။

အဆိုပါ ရထားတွင် ကွန်တိန်နာ စုစုပေါင်း ၁၀၈ လုံး ရှိပြီး ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်မှ ကုန်ပစ္စည်းများကို သယ်ဆောင်ကာ ချုံကင်းမြို့ Tuanjiecun ဘူတာရုံသို့ ပို့ဆောင်ပါသည်။ တရုတ် အနောက်ပိုင်း ကုန်း-ပင်လယ် လမ်းကြောင်းသစ်မှာ ပိုးလမ်းမကြီး စီးပွားရေးဇုန်၊ ၂၁ ရာစု ပင်လယ်ပြင်ပိုးလမ်းမကြီးနှင့် ချိတ်ဆက်ပြီး ပေါင်းကူးတံတားအခန်းကဏ္ဍမှ ပါဝင်ပါသည်။