ရှီကျင့်ဖိန်သည် ပါကစ္စတန်တွင် ဆိုးရွားသောရေကြီးမှုများအတွက် ပါကစ္စတန်သမ္မတ အယ်လ်ဗီထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-08-30 12:52:25  

ဩဂုတ်လ ၂၉ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပါကစ္စတန်တွင် ဆိုးရွားသော ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းအတွက် ပါကစ္စတန်သမ္မတ အယ်လ်ဗီထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က အစဉ်တစိုက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နှင့် အမာခံမိတ်ဆွေဖြစ်သည့် တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ငံတို့သည် နှစ်ပေါင်းများစွာတွင် အေးအတူပူအမျှ ဆက်ဆံပြီး အပြန်အလှန် ကူညီထောက်ပံ့ကာ သဘာဝ ဘေးအန္တရာယ်များ အပါအဝင် စိန်ခေါ်မှုကြီးများကို အတူတကွ ရင်ဆိုင်ကြကြောင်း၊ ယခုအကြိမ် ရေကြီးမှု ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် ချက်ချင်း တုံ့ပြန်ခဲ့ပြီး ပါကစ္စတန်နိုင်ငံအတွက် အရေးပေါ်လိုအပ်သော အကူအညီများကို ဆက်လက် ပံ့ပိုးပေးမည်ဖြစ်ကာ ပါကစ္စတန်နိုင်ငံ၏ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ဘေးသင့်ဒေသများရှိ ပြည်သူများသည် ရေလွှမ်းမိုးမှုကို လျင်မြန်စွာ ကျော်လွှားနိုင်ပြီး ၎င်းတို့၏နေအိမ်များကို ပြန်လည် တည်ဆောက်နိုင်မည်ဟု ယုံကြည် ပါကြောင်း သဝဏ်လွှာတွင် ဖော်ပြခဲ့ပါသည်။

ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ပါကစ္စတန် ဝန်ကြီးချုပ် ရှယ်ဘာဇ် ရှယ်ရီဖ် ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။