အမေရိကန်၏ ရှင်းကျန်းဆိုင်ရာ ပုတ်ခတ်ပြောဆိုမှုသည် သူခိုးကလူဟစ် လုပ်ရပ်ပင် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-08-30 10:41:52  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံသည် ရှင်းကျန်းဆိုင်ရာ လူထု အမြင်သဘောထားကို သတင်းအတုဖြင့် ကြိုးကိုင် လုပ်ဆောင်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနက မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခဲ့ကြောင်း၊ ယင်းသည် သူခိုးကလူဟစ် လုပ်ရပ်ပင် ဖြစ်ကြောင်း၊ ရှင်းကျန်း၌ ရပ်ရွာ အေးချမ်းတည်ငြိမ်ပြီး စီးပွားရေး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ကာ ယင်းသည် အမေရိကန်၏ ရှင်းကျန်းဆိုင်ရာ သတင်းအတု အပေါ် အကောင်းဆုံးသော တုံ့ပြန်ချက်ပင် ဖြစ်ကြောင်း၊ အချိန်ပိုင်း တစ်ပိုင်းအတွင်း အမေရိကန်သည် ရှင်းကျန်းကို အသုံးပြုပြီး တရုတ်နိုင်ငံအား ဟန့်တားရန် ကြံစည်ချက်ကို ဖေါ်ဆောင်ရန်အတွက် “လူမျိုး မျိုးတုံးအောင် လုပ်ခြင်း”၊ “အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း” စသည့် မုသားစကားများကို ဆက်တိုက် လုပ်ကြံဖန်တီးခဲ့ကြောင်း၊ ရှင်းကျန်းဆိုင်ရာ မုသားစကားများ လုပ်ကြံဖန်တီးခြင်းသည် အမေရိကန်၏ လုပ်ရိုးလုပ်စဉ် ဖြစ်နေပြီ ဖြစ်ပြီး ၄င်း၏ လုပ်ကြံဖန်တီးသည့် နည်းလမ်းကို အကြိမ်ပေါင်းများစွာ ပေါက်ကြားခဲ့ပြီ ဖြစ်ကြောင်း ၂၉ ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။