ထိုင်ဝမ်နယ်သားများစွာ ကမ္ဘောဒီးယား၌ ပျောက်ဆုံး၊ ကမ္ဘောဒီးယားနှင့် ပူးပေါင်းပြီး လူအချို့ကို အောင်မြင်စွာ ကယ်တင်ခဲ့ပြီဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-08-30 10:41:14  

ယခုတလောတွင် ထိုင်ဝမ် နယ်သားများစွာက အလုပ် ရှာဖွေပေးခြင်းဆိုင်ရာ လိမ်လည်လှည့်ဖြားမှု ခံရသဖြင့် ကမ္ဘောဒီးယား၌ ချုပ်နှောင်၊ ရိုက်နှက်ခြင်း ခံရမှု ဖြစ်ရပ်များ ပေါက်ကြားလာခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ထိုင်ဝမ် မွေးချင်းပေါက်ဖေါ် ၂၀ ကျော်တို့၏ အကူအညီတောင်းသည့် သတင်းအချက်အလက်ကို ရရှိပြီး ကမ္ဘောဒီးယားနှင့် ပူးပေါင်း၍ လူအချို့ကို အောင်မြင်စွာ ကယ်တင်ခဲ့ပြီ ဖြစ်ကြောင်း သြဂုတ်လ ၂၉ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ကျောက်လိကျန်းက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ကမ္ဘောဒီးယား အစိုးရနှင့် နီးကပ်စွာ ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းထားပြီး သက်ဆိုင်သူများကို တက်ကြွစွာ ရှာဖွေ ကယ်တင်ပေးနေကြောင်း ပြောကြားခဲ့ပါသည်။