ကျန်းစူးပြည်နယ် ဟွယ်အန်မြို့ရှိ ဘိုင်မာရေကန်ကူး တံတားကြီးလုပ်ငန်းကို လွှဲပြောင်း ပေးအပ်ပြီး စစ်ဆေးလက်ခံတော့မည်

(GMT+08:00)2022-08-30 17:26:10  

၂၀၂၂ခုနှစ် သြဂုတ် ၂၈ရက်နေ့က ကျန်းစူးပြည်နယ် ဟွယ်အန်မြို့၌ ဘိုင်မာရေကန် အပေါ်တွင် “ငါးသည် နဂါးတံခါးကို ခုန်”သော ပုံစံအတိုင်း ဘိုင်မာရေကန်ကူး တံတားကြီးကို ထုတ်ပြလာပါသည်။ ဘိုင်မာရေကန်ကူးတံတားကြီးသည် ဘိုင်မာရေကန် လမ်းမကြီး၏ သော့ချက်ကျသော လုပ်ငန်းဖြစ်ပြီး စုစုပေါင်း အရှည် ၁၀၃၃ မီတာ ရှည်လျားကာ အဓိက တံတား၏ အကျယ်သည် ၃၇ မီတာ ရှိပါသည်။ လက်ရှိတွင် ယင်းတံတားကြီးသည် ကားသွားလာရန် အခြေအနေပြည့်စုံပြီဖြစ်ပြီး လုပ်ငန်းကို လွှဲပြောင်းပေးအပ်ကာ စစ်ဆေးလက်ခံတော့မည် ဖြစ်သည်။