အိန္ဒိယစာမေးပွဲတွင် ကျောင်းသူများအား အတွင်းခံအကျီင်္ ချွတ်ခိုင်းမှုကြောင့် ပြည်သူများ ဒေါသထွက်ပြီး စာမေးပွဲ ပြန်ဖြေရန် အစိုးရ စီစဉ်နေ

(GMT+08:00)2022-08-29 17:51:34  

ယခုနှစ် ဇူလိုင်လက အိန္ဒိယဆေးပညာဘာသာရပ်စာမေးပွဲတွင် ဖြေဆိုသည့် ကျောင်းသူများအား လုံခြုံမှု စစ်ဆေးရေးသမားများက အတွင်းခံအကျီင်္ကို ချွတ်ရန် တောင်းဆိုခဲ့ ကြောင်း၊ ယင်းကိစ္စရပ်သည် ပြည်သူများတွင် ကျယ်ပြန့်သောငြင်းဆိုမှုကို ဖြစ်စေခဲ့ကြောင်း၊  ယခုလ ၂၇ ရက်နေ့ အိန္ဒိယ တူဒေး သတင်းဝက်ဘ်ဆိုက်မှသတင်းအရ ယင်း ဖြစ်စဉ် ဖြစ်ပွါးခဲ့ခြင်း တစ်လပြီးနောက် အတွင်းခံအကျီင်္ကို ချွတ်ရန် တောင်းဆိုခံရသော ကျောင်းသူများအား စာမေးပွဲ ပြန်ဖြေဖို့ အိန္ဒိယ စာမေးပွဲ ဦးစီးဌာနက စီစဉ်ပေးမည်ဖြစ်ကြောင်း သိရပါသည်။