အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါ အတည်ပြုလူနာ ၁၇၀၀၀ ကျော်ရှိ

(GMT+08:00)2022-08-29 17:50:56  

အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါ အတည်ပြုလူနာ ၁၇၀၀၀ ကျော်ရှိလာသည်။ အမေရိကန်တွင် မျောက်ကျောက်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ အမေရိကန်ပြည်ထောင်စု အစိုးရသည် ကိုဗစ်ကပ်ရောဂါကာကွယ်ခြင်းကဲ့သို့ တူညီသောအမှားများကို ထပ်မံလုပ်ဆောင်ခဲ့ပြီး မျောက် ကျောက်ရောဂါကို တက်ကြွစွာ တုံ့ပြန်ရင်ဆိုင်ဖြေရှင်းရန်အတွက် ပြည်ထောင်စုအဆင့်တွင် ငွေ အလုံအလောက် ထုတ်ပေးခြင်း မရှိသဖြင့် ကပ်ရောဂါသည် ပြင်းပြင်းထန်ထန် ပြန့်ပွါးလာခြင်းဖြစ်ကြောင်း သိရပါသည်။

မျောက်ကျောက်ဗိုင်းရပ်စ်သည် ပြီးပြည့်စုံသောစစ်ဆေးမှု၊ ကုသမှုနှင့် လုံခြုံစိတ်ချရသော ကာကွယ်ဆေးများ ရှိပါကြောင်း၊ သို့သော် အမေရိကန်အစိုးရသည် ကပ်ရောဂါကာကွယ် ထိန်းချုပ်မှုအတွက် အကောင်းဆုံးအခွင့်အရေးကို အကြိမ်ကြိမ် လက်လွတ်သွားခဲ့ပြီး တုံ့ပြန်ရင်ဆိုင် ဖြေရှင်းရန် လိုအပ်သည့် အရင်းအမြစ်များကို အချိန်မီ ထုတ်ပေးဆောင်ရွက်ခြင်း မရှိကြောင်း၊ မျောက်ကျောက်ရောဂါ ကူးစက်မှုဆိုင်ရာ အချက်အလက်များ စုဆောင်းခြင်းနှင့် ကာကွယ်ဆေးဖြန့်ဖြူးခြင်းဆိုင်ရာတွင် အမြဲတမ်း နောက်ကျ ရှုပ်ထွေးနေခဲ့ကြောင်း သိရပါသည်။