ယူရှီး-ချူရှုံ အမြန်လမ်းဖွင့်လှစ်

(GMT+08:00)2022-08-29 17:47:40  

       သြဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယူရှီးမှ  ချူရှုံအထိ အမြန်ကားလမ်းတစ်ခုလုံး ဖွင့်လှစ်ခဲ့ပြီး အမြန်လမ်းတစ်လျှောက်ရှိ ကုဋေနှင့်ချီသော နေထိုင်သူများအတွက် အကျိုးပြုကာ ချူရှုံမြို့ ရွှမ်ပို ခရိုင် အမြန်လမ်း            မရှိသည့် သမိုင်းကိုအဆုံးသတ်စေသည်။

ယူရှီး-ချူရှုံ အမြန်လမ်းသည် ယူရှီးမြို့ ဒိုယီရှူရွာမှ ချူရှုံမြို့ တာ့ဘာ့ရွာအထိ ဖြစ်ပြီး အရှည်အလျားမှာ ၁၉၀.၅၉၇ ကီလိုမီတာရှိကာ တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အမြန်နှုန်းဖြင့် ဒီဇိုင်းဆွဲထားသည်။ ယင်းအမြန်လမ်းသည် ယူနန်ပြည်နယ် တွင် အရှည်ဆုံးနှင့် ရင်းနှီးမြှုပ်နှံမှု အများဆုံး အမြန်လမ်းထဲမှ တစ်ခု ဖြစ်သည်။