တက္ကဆက်ပြည်နယ်တွင် လူထုစုဝေးပွဲ ပြုလုပ်ပြီး သေနတ်ထိန်းချုပ်ရန် ပန်ကြား

(GMT+08:00)2022-08-29 17:50:18  

ဩဂုတ်လ ၂၇ ရက်နေ့က အမေရိကန် တက္ကဆက်ပြည်နယ် အော်စတင်မြို့ လူထုစုဝေးပွဲ၌ သေနတ်ထိန်းချုပ်ရန် ပန်ကြားခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ထိုနေ့တွင် တက္ကဆက်ပြည်နယ် မူလတန်းကျောင်းသေနတ်ပစ်ခတ်မှုတွင် သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများ အပါအဝင် ဆန္ဒပြသူများသည် အော်စတင်မြို့တွင် သေနတ် ထိန်းချုပ်ရန် ပန်ကြားခဲ့ကြကြောင်း၊ တက္ကဆက် ပြည်နယ် ယူဝါလ်ဒီမြို့ရှိ ရော်ဘ်မူလတန်းကျောင်းတွင် မေလ ၂၄ ရက်က သေနတ် ပစ်ခတ်မှုကြောင့် မူလတန်းကျောင်းသား ၁၉ ဦးနှင့် ဆရာ ၂ ဦး သေဆုံးခဲ့၍ အမေရိကန်တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့ကြောင်း သတင်းရရှိပါသည်။