ချုံချင့်မြို့သူမြို့သားများသည် ယူနန် သစ်တော မီးသတ် တပ်မှူးတပ်သားများအား ပို့ဆောင်နှုတ်ဆက်

(GMT+08:00)2022-08-29 17:46:19  

ဩဂုတ်လ ၂၈ ရက်နေ့က ချုံချင့်မြို့ ဘေဘေ့ ရပ်ကွက်တွင် မြို့သူမြို့သားများသည် ကိုယ့်ဆန္ဒအလျောက် လမ်းနှစ်ဖက်၌ ရပ်ပြီး သစ်တော မီးသတ်အဖွဲ့ဝင်များအား ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

ယခုရက်များတွင် ချုံချင့်မြို့ ဒေသများစွာ၌ တောမီးဖြစ်ပွားခဲ့ပါသည်။ ဘက်အသီးသီးမှ အင်အားတို့၏ ပူးပေါင်းကယ်ဆယ်မှုဖြင့် လက်ရှိအချိန်တွင် ချုံချုင့်ရှိ မီးလောင်ရာ နေရာများ၌ မီးအကုန်လုံး ငြှိမ်းသတ်ပြီး ဖြစ်ပါသည်။ ဩဂုတ်လ ၂၈ရက်နေ့က ယခုအကြိမ် မီးသတ်ရေး တာဝန်ကို အောင်မြင်စွာပြီးမြောက်ခဲ့သော ယူနန်သစ်တော မီးသတ်အဖွဲ့ဝင် ၃၀၀ကျော်တို့သည် ချုံချင့်မြို့မှ ထွက်ခွာခဲ့သည်။ ချုံချင့်မြို့သူမြို့သားများသည် ကိုယ့်ဆန္ဒအလျောက် ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။