"နိုင်ငံတကာစစ်ရေးပြိုင်ပွဲ-၂၀၂၂" ရုရှားတွင် ကျင်းပပြီးစီး

(GMT+08:00)2022-08-29 17:49:08  

"နိုင်ငံတကာစစ်ရေးပြိုင်ပွဲ-၂၀၂၂" ပိတ်ပွဲအခမ်းအနားကို ယခုလ ၂၇ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုပြည်နယ် Odintsovo ဒေသ Patriot ပန်းခြံတွင် ကျင်းပခဲ့သည်။ ထိုနေ့ ညနေပိုင်းက ပင်မပွဲစဉ် "Tank Biathlon" ၏ နောက်ဆုံးဗိုလ်လုပွဲကို Arabino သေနတ်ပစ်ကွင်း၌ စတင်ကျင်းပခဲ့သည်။ တရုတ်၊ ရုရှား၊ ဘီလာရုစ်နှင့် ဥဇဘတ်ကစ္စတန် ၄ နိုင်ငံများမှ အသင်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ တရုတ်အသင်းသည် လက်ဆင့်ကမ်းပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သည်။ နောက်ဆုံးတွင် တရုတ်အသင်းသည် ယင်းပွဲစဉ်တွင် စုစုပေါင်း အမှတ်အရ ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သတင်းအရသိရသည်။