Alpsတောင်တန်းရှိ Rhone ရေခဲမြစ်ကို စောင်ဖြင့် ဖုံလွှမ်းထား

(GMT+08:00)2022-08-28 16:24:58  

ဒေသ စံတော်ချိန် ဩဂုတ်လ ၂၃ ရက်တွင် ဆွစ်ဇာလန် နိုင်ငံ Alpsတောင်တန်းရှိ Rhoneရေခဲမြစ်ကို  အဖြူရောင် စောင်ဖြင့် ဖုံးလွှမ်းထားသည်။ ရေခဲမြစ်၏ အရည်ပျော်မှုနှုန်းကို နှေးကွေးစေရန်အတွက် ဆွစ်ဇာလန် သိပ္ပံပညာရှင်များသည် နှစ်စဉ်နွေရာသီတွင် ကြီးမားသော အဖြူရောင်စောင်ဖြင့် ၄င်းရေခဲမြစ်ကို ဖုံးလွှမ်းထားလေ့ရှိကြောင်း သိရသည်။ ယခုနှစ် နွေရာသီတွင် ဥရောပ ဒေသ အသီးသီး၌ အပူလှိုင်းများ ဆက်တိုက်ခံခဲ့ရသောကြောင့် နေရာများစွာတွင် အပူချိန် စံချိန်တင် မြင့်တက်လာကာ ရေခဲမြစ်များ အရှိန်မြင့် အရည်ပျော်သွားခဲ့သည်။