“နျူကလီးယားမပြန့်ပွားစေရေးစာချုပ်” ဒဿမအကြိမ်မြောက် စစ်ဆေးမှုညီလာခံတွင် အောင်ကျိုးရလဒ်စာတမ်းမရရှိ

(GMT+08:00)2022-08-28 16:26:19  

ဒေသစံတော်ချိန် သြဂုတ်လ ၂၆ရက်နေ့က “နျူကလီးယားမပြန့်ပွားစေရေးစာချုပ်” ဒဿမအကြိမ်မြောက် စစ်ဆေးမှုညီလာခံ ပိတ်ပွဲအစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ သဘောကွဲလွဲမှုကြောင့် စစ်ဆေးမှုညီလာခံတွင် အစည်းအဝေးအောင်ကျိုးရလဒ်စာတမ်းကို အတည်မပြုခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

“နျူကလီးယားမပြန့်ပွားစေရေးစာချုပ်” ဒဿမအကြိမ်မြောက် စစ်ဆေးမှုညီလာခံ ပိတ်ပွဲအစည်းအဝေးကို ထိုနေ့ ညနေ ၃နာရီတွင် ကျင်းပရန် မူလ စီစဉ်ထားခဲ့သော်လည်း နိုင်ငံအသီးသီးတို့ အောင်ကျိုးရလဒ်စာတမ်းမူကြမ်းနှင့်ပတ်သက်၍ သဘောတူညီမှု မရရှိခဲ့သောကြောင့် အစည်းအဝေးကို ရွှေ့ဆိုင်းပြီး အောင်ကျိုးရလဒ် စာတမ်းမူကြမ်း နှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးခဲ့ကြောင်း၊ ၄နာရီကြာ ရွှေ့ဆိုင်းပြီးနောက် ညီလာခံဥက္ကဋ္ဌ Gustavo Zlauvinenက အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ မူကြမ်းအပေါ်  သဘောကွဲလွဲချက် တင်ပြခဲ့သောကြောင့် အောင်ကျိုးရလဒ်စာတမ်းကို အတည်မပြုနိုင်ပါဟု ကြေညာခဲ့ ကြောင်း သတင်းရရှိပါသည်။