ပါကစ္စတန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၉၃၇ ဦး သေဆုံး

(GMT+08:00)2022-08-28 16:27:23  

    လွန်ခဲ့သည့်ရက်များတွင် ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားသဖြင့် လူ ၉၃၇ ဦးသေဆုံးသွားပြီး သန်းပေါင်း ၃၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း၊ နိုင်ငံတော် အရေးပေါ် အခြေအနေကို ပါကစ္စတန် အစိုးရက ကြေညာခဲ့ကြောင်း ပါကစ္စတန် "Dawn" သတင်းစာက ၂၆ ရက်နေ့က ဖော်ပြခဲ့သည်ဟု တရုတ်သတင်းဌာနက ရေးသားဖော်ပြပါသည်။