ရေတပ်သားဖြစ်၊ စစ်သဘောင်္ပေါ်တက်၊ လေယာဉ်တင်သင်္ဘောကိုမောင်း၊ ဘေကျင်း တက္ကသိုလ် အမျိုးသမီးတပ်သား ဝမ်ရှင်းယီ

(GMT+08:00)2022-08-27 17:17:13  

စစ်တပ်ထဲဝင်ခြင်းသည် လူပေါင်းများစွာ၏ အိပ်မက်ဖြစ်သည်။ ရေတပ်သားဖြစ်၊ စစ်သဘောင်္ပေါ်တက်၊ လေယာဉ်တင်သင်္ဘောကိုမောင်း……ဘေကျင်း တက္ကသိုလ်မှ စစ်တပ်ထဲဝင်သော ဝမ်ရှင်းယီသည် စစ်သားဖြစ်ရန် အိပ်မက်ကို အကောင်အထည်ဖော်သည့်အပြင် လျော်နင် လေယာဉ်တင်သင်္ဘောကိုလည်း တက်ခဲ့ပြီး လေယာဉ်တင်သင်္ဘော၏ မောင်းနှင်သူတစ်ဦးဖြစ်လာပါသည်။ ၂နှစ်ကြာ စစ်သားဘဝ ပြီးဆုံးတော့မည်။ သူမသည်လည်း စစ်ဝတ်စုံကို ချွတ်လိုက်ပြီး စစ်တန်းလျားမှ ထွက်ခွာကာ လေယာဉ်တင်သင်္ဘောမှ ထွက်ခွာ၍ ကျောင်းစာ သင်ကြားလေ့လာမှုကို ပြီးမြောက်ရန် ဘေကျင်း တက္ကသိုလ်ကျောင်းဝင်းကို ပြန်လည်ဝင်ရောက်တော့မည်။