လူငယ်စေတနာ့ဝန်ထမ်းများ မီးသတ်ရန် ပါဝင်

(GMT+08:00)2022-08-27 17:22:31  

မကြာမီရက်များတွင် အပူချိန်ဆက်တိုက်မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံ ချုံကင်းမြို့ နေရာများစွာ၌ တောမီးဖြစ်ပွားခဲ့ပါသည်။ တောင်ကြားလမ်း ကြမ်းတမ်းသဖြင့် ပစ္စည်းများကို တောင်ပေါ်သို့ ပို့ဆောင်ခြင်းမှာ ပြဿာနာကြီးတစ်ခုဖြစ်လာပါသည်။ အစိုးရ ကယ်ဆယ်ရေးအဖွဲ့များမှအပ လူငယ်စေတနာ့ဝန်ထမ်းများစွာသည် လေးလံသော ပစ္စည်းများကို ကျောပိုးတောင်တက်ခြင်း၊ မော်တော်ဆိုင်ကယ်စီးခြင်းစသည့် နည်းလမ်း များဖြင့် ပစ္စည်းများကို ပို့ဆောင်ကြလျက်ရှိပါသည်။