တရုတ်-ရုရှား မှတ်တမ်းတင်ကား ကူးလူးဖလှယ်ရေး ပြပွဲကို ပီကင်းတွင် ကျင်းပ

(GMT+08:00)2022-08-27 17:09:22  

ယခုလ ၂၆ရက်နေ့က China Media Groupနှင့် တရုတ် နိုင်ငံ ဆိုင်ရာ ရုရှား သံရုံးတို့မှ ပူးတွဲ ဦးစီး ကျင်းပသော “တရုတ်-ရုရှား မှတ်တမ်းတင်ကား ကူးလူးဖလှယ်ရေး ပြပွဲ” ဖွင့်ပွဲ အခမ်းအနားကို ပီကင်းတွင် ကျင်းပခဲ့ကြောင်း China Media Group သတင်းအရ သိရသည်။

တရုတ် နိုင်ငံ ဆိုင်ရာ ရုရှား သံအမတ်ကြီး ဂျယ်နီစိုဗ်၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ၊ အယ်ဒီတာချုပ် ရှင့်ဟိုင်ရှုန် စသည့် ပုဂ္ဂိုလ်နှင့် ဧည့်သည်တော်များသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြပွဲ ကျင်းပသည့် အတောအတွင်း China Media Group လက်အောက်ခံ CGTNသည် ရုရှားဘက်အား ကောင်းမွန်ထူးချွန်သော တရုတ် မှတ်တမ်းတင်ကားနှင့် အစီအစဉ်များကို ပေးအပ်ပြီး ရုရှား အဓိက မီဒီယာများတွင် ထုတ်လွှင့်မည် ဖြစ်သလို CGTN၏ချန်နယ်များနှင့် မီဒီယာသစ် ပလက်ဖောင်းများတွင် ရုရှားဘက်မှ ပေးအပ်သော ရုရှားသမိုင်းနှင့် ယဉ်ကျေးမှုကို မိတ်ဆက်ပေးသည့် ကောင်းမွန်သော အစီအစဉ်များကို ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။