တရုတ်နိုင်ငံ San xing dui ရှေးဟောင်းအမွေအနှစ်နေရာတွင် ရှေးဟောင်းပစ္စည်းများကို ထပ်မံ ရှာဖွေတွေ့ရှိ

(GMT+08:00)2022-08-26 14:44:07  

 ယခုရက်များတွင် တရုတ်နိုင်ငံ San xing dui ရှေးဟောင်းအမွေအနှစ်နေရာတွင် ရှေးဟောင်းပစ္စည်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါသည်။ Sanxingdui ရှေးဟောင်း အမွေအနှစ်နေရာသည် တရုတ်နိုင်ငံ စီချွမ်း ပြည်နယ် ကွမ်ဟန့် မြို့တွင် တည်ရှိပြီး ၁၂ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိကာ သမိုင်းသက်တမ်း နှစ်ပေါင်း ၃၀၀၀ မှ ၅၀၀၀အထိ ရှိပါသည်။ ၎င်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် ရှာဖွေတွေ့ရှိသော အတိုင်းအတာ အကြီးမားဆုံး၊ အချိန်အကြာမြင့်ဆုံးနှင့် ယဉ်ကျေးမှုဆိုင်ရာ အနက်အဓိပ္ပာယ် အရှိဆုံးသော ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦ အကြွင်းအကျန် ဖြစ်ပါသည်။