တရုတ်နိုင်ငံမှ လုပ်ငန်းအုပ်စု ၇ ခုအား အမေရိကန်က တင်ပို့မှု ကန့်သတ်ရေး Entity List စာရင်းဇယားတွင် ထည့်သွင်းခြင်းနှင့် ပတ်သက်ပြီး တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက တုံ့ပြန်ပြောဆို

(GMT+08:00)2022-08-26 15:11:19  

   မကြာမီက အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနသည် တရုတ်နိုင်ငံမှ သက်ဆိုင်ရာ လုပ်ငန်းအုပ်စု ၇ ခုကို တင်ပို့မှု ကန့်သတ်ရေး Entity List စာရင်းဇယားတွင် ထည့်သွင်းကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

   ယင်းနှင့်ပတ်သက်ပြီး တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ စူကျွေထင်က အမေရိကန်သည် တင်ပို့မှုကန့်သတ်ရေး ဆောင်ရွက်ချက်များကို အလွဲ သုံးစားပြီး နိုင်ငံ၏အင်အားဖြင့် အခြားနိုင်ငံများမှ လုပ်ငန်းကုမ္ပဏီနှင့် အဖွဲ့အစည်းများအား ဖိနှိပ် ဟန့်တားမှုများကို ပြုလုပ်ကာ တရုတ်နိုင်ငံမှ လုပ်ငန်းအုပ်စု ၇ ခုအား အမေရိကန်က တင်ပို့မှု ကန့်သတ်ရေး Entity List စာရင်းဇယားတွင် ထည့်သွင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ အမေရိကန် အနေနှင့် မှားယွင်းသော လုပ်ရပ်ကို အမြန်ဆုံး ရပ်တန့်သင့်ကြောင်း ယခုလ ၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။