တရုတ်နိုင်ငံ ချမ်ချွင်း ရုပ်ရှင်ပွဲတော်တွင် အားကစားဆိုင်ရာ ရုပ်ရှင် "Breaking Through" ပါဝင်ပြသ

(GMT+08:00)2022-08-26 14:42:50  

၁၇ ကြိမ်မြောက် တရုတ်နိုင်ငံ ချမ်ချွင်း ရုပ်ရှင်ပွဲတော်ကို သြဂုတ်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ချမ်ချွင်းမြို့တွင် ကျင်းပပါသည်။ ယခုအကြိမ် ရုပ်ရှင်ပွဲတော်တွင် ပါဝင်သည့် ရုပ်ရှင်ကား ၄၀ ရှိပြီး ၄င်းအနက် အားကစားဆိုင်ရာ ရုပ်ရှင်ကား "Breaking Through" သည် ၂၀၂၂ခုနှစ် ပီကင်းဆောင်းရာသီ အိုလံပစ်အားကစား ပွဲတော်အတွက် လက်ဆောင်ဇာတ်ကားဖြစ်သည့်အပြင် ၂၀၂၂ခုနှစ် ပီကင်းဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်နှင့် ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ်အားကစားပွဲတော် စည်းရုံးကျင်းပရေးကော်မတီမှ  တရားဝင် ခွင့်ပြုထားသည့် တစ်ခုတည်းသော ရုပ်ရှင်ကား ဖြစ်ပါသည်။

"Breaking Through" သည် တရုတ်အမျိုးသမီး ရေခဲပြင် တာတို စကိတ်စီး အားကစားသမား Yang Fan နှင့် ၄င်း၏ နည်းပြနှင့် အဖော်များက ၈နှစ်ကြာ ပင်ပင်ပန်းပန်း လေ့ကျင့်ပြီး နောက်ဆုံးတွင် တရုတ်နိုင်ငံအတွက် ပထမဆုံး ဆောင်းရာသီ အိုလံပစ် ရွှေတံဆိပ်ကို ဆွတ်ခူးရရှိခဲ့ပုံကို ဖော်ပြထားပါသည်။