ဆန်းရှင်းတွေး ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း တူးဖော်ရေးတွင်းတွင် အကြီးဆုံး ကြေးညို သားရဲရုပ်ကို အောင်မြင်စွာ ထုတ်ယူ

(GMT+08:00)2022-08-26 14:40:18  

သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ဆန်းရှင်းတွေး ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း တူးဖော်ရေး တွင်းအမှတ် ၈ မှ အလေးချိန် ၁၅၀ ကီလိုဂရမ်ခန့်၊ ၁မီတာကျော်ရှည်သော ကြေးညို သားရဲရုပ် တစ်ရုပ်ကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့သည်။ ၎င်းသည် ဆန်းရှင်းတွေး တွင်းတွင် ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများအနက် အကြီးဆုံးသော ကြေးညိုထည် ဖြစ်သည်။ ဆန်းရှင်းတွေးနေရာ၌ ယခုအကြိမ် ရှေးဟောင်းပစ္စည်းများ တူးဖော်မှုသည် စက်တင်ဘာလကုန်တွင် ပြီးမြောက်မည် ဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။