တရုတ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုများသည် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်သည့် တရားမျှတသော ဆောင်ရွက်ချက် ဖြစ်သည်ဟု တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-08-26 15:12:20  

   တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန သတင်းရေးရာဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် စီနီယာ ဗိုလ်မှူးကြီး ထမ်ခေဖေက တရုတ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုများသည် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ပြတ်ပြတ်သားသား ထိန်းသိမ်း ကာကွယ်သည့် တရားမျှတသော ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ ယခုအကြိမ် အကျပ်အတည်းကို စတင်ပြုလုပ်သူ ဖြစ်သည့် အမေရိကန်သည် ယင်းအတွက် တာဝန် လုံးဝ ယူသင့်၊ ယူရမည် ဖြစ်ကြောင်း ၂၅ ရက်နေ့က ကာကွယ်ရေး ဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။