“မော်တော်ဆိုင်ကယ်စီးတဲ့ လူငယ်တွေက အရမ်းကောင်းတာပဲ”

(GMT+08:00)2022-08-26 14:29:01  

မကြာခင်ရက်များကစပြီး တရုတ်နိုင်ငံ ချုံချင့်မြို့၌ အပူချိန် မြင့်မား၍ ပေပေ့ခရိုင်၌ တောမီးလောင်မှု ဖြစ်ပွားပြီးတော့ လူအများအပြားသည် မော်တော်ဆိုင်ကယ်စီးပြီး အလိုလို လာရောက်ကူညီခဲ့ကြသည်။ ၄င်းတို့အနက် မော်တော်ဆိုင်ကယ်မောင်းသူ၊ အငှါးကား မောင်းသူ၊ ပါဆယ်ပို့သူ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ဒေသခံရွာသူရွာသားများ ပါဝင်သည်။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်တွင် ၄င်းတို့သည် ရေအိတ်များ၊ မီးသတ်ဆေးဘူးများ၊ ရေခဲရေ၊ ဖရဲသီး၊ ထမင်း စသည်တို့ကို မော်တော်ဆိုင်ကယ်ဖြင့် ပို့ဆောင်ကြသည်။