အားလုံးကိုအဆုံးသတ်ရန် အချိန်ရောက်ပြီဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်ဟောင်း ရေးသားဖော်ပြ

(GMT+08:00)2022-08-26 14:38:12  

ရုရှား-ယူကရိန်း အငြင်းပွားမှု ဆက်လက်ဖြစ်ပွားနေသည်။ အမေရိကန် စသည့် အနောက်တိုင်းနိုင်ငံများသည် ဆက်လက် မီးလောင်ရာလေပင့် နေကြသည်။ သြဂုတ်လ ၂၄ရက်နေ့က အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံထံသို့ စစ်လက်နက်ပစ္စည်းများကို ဆက်လက် ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့ပါသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်ဟောင်း၊အငြိမ်းစားကြည်းတပ်အရာရှိMcgregorကအားလုံးကိုအဆုံးသတ်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အမေရိကန် Conservative မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သော ဆောင်းပါး၌ Mcgregorက အငြင်းပွားမှု ဆက်တိုက်ဖြစ်ပွားချိန် ကြာလေလေ ယူကရိန်းနိုင်ငံအပေါ် ထိခိုက်မှု များလေလေဖြစ်ကြောင်း၊ ရက်စက်သောအဖြစ်မှန်မှာ လက်နက်အသစ်များ တင်သွင်းခြင်းဖြင့် ယူကရိန်း မဟာဗျူဟာရလဒ်ကို ပြောင်းလဲမည် မဟုတ်ဘဲ အားလုံးကိုအဆုံးသတ်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း၊ နေတိုးအဖွဲ့က အရှေ့ဘက်သို့ တိုးချဲ့ခြင်းသည် လိုအပ်သောကိစ္စ မဟုတ်ကြောင်း၊ ၄င်းမှာ ဥရောပတိုက်အတွက် အန္တရာယ် ကြီးမားပါကြောင်း ရေးသားဖော်ပြခဲ့ပါသည်။