အာဖဂန်နစ္စတန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုမိုရှုပ်ထွေး လာသည်ဟု နိုင်ငံတကာ ကြက်ခြေနီကော်မတီ ဆို

(GMT+08:00)2022-08-26 14:41:37  

   နိုင်ငံတကာ ကြက်ခြေနီကော်မတီ၏ အာဖဂန်နစ္စတန်နိုင်ငံ ရုံးခွဲဥက္ကဋ္ဌ Eloi Fillionသည် CGTNမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင်  စီးပွားရေးပိတ်ဆို့အရေးယူမှု၊ ရာသီဥတု ပြောင်းလဲမှုနှင့် နိုင်ငံတကာမှ ဂယက်ရိုက်ခတ်မှု စသည်များကြောင့် အာဖဂန်နစ္စတန်နိုင်ငံ ရင်ဆိုင်နေရသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် ပိုမိုရှုပ်ထွေးလာကြောင်း၊ ယင်းတို့အနက် ငွေကြေး ပြတ်လပ်ခြင်းနှင့် စီးပွားရေး တိုးတက်မှု နည်းပါးခြင်းတို့ကြောင့် အာဖဂန်နစ္စတန်သည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ကဲ့သို့သော ပြည်သူ့ဝန်ဆောင်မှုများကို ပံ့ပိုးရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ နိုင်ငံတကာ ကြက်ခြေနီကော်မတီသည် အာဖဂန်နစ္စတန် ပြည်သူများအား ထောက်ပံ့ကူညီရန် မတူညီသောအုပ်စုများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားသည်ဟု China Media Groupမှသတင်းအရ သိရပါသည်။