Bionic humanoid စက်ရုပ်ကို ၂၀၂၂ ခုနှစ် နိုင်ငံတကာစက်ရုပ်ပြပွဲ၌ ပြသ

(GMT+08:00)2022-08-26 14:27:51  

Teresa Teng သည် မိုက်ခရိုဖုန်းကို ကိုင်ပြီး သီချင်းဆိုသည်၊ Michael Faraday သည် ပရိသတ်များအား ဗဟုသုတများ ရှင်းပြပေးသည်၊ Albert Einstein သည် မျက်တောင်ခတ်ပြီး ပရိသတ်များအား နှုတ်ခွန်းဆက်သသည်၊ အမြွှာကဲ့သို့ လူနှင့် Bionic humanoid တို့သည် အတူတကွ ထွက်လာပြီး အမူအရာနှင့် လှုပ်ရှားမှုများသည် အပြည့်အဝ ဆင်တူသည်။

မကြာခင်ရက်များက ၂၀၂၂ ခုနှစ် နိုင်ငံတကာစက်ရုပ်ပြပွဲကို တရုတ်နိုင်ငံ ပီကင်းမြို့၌ စတင် ကျင်းပခဲ့ရာ Bionic humanoid စက်ရုပ်များသည် ပရိသတ် အများအပြားကို ဆွဲဆောင်ကြသည်။