တိုင်ဖုန်းမုန်တိုင်း "Ma-on" ကြောင့် ဖိလစ်ပိုင်တွင် လူ ၃ ဦး သေဆုံး၊ "Ma-on"သည် ၂၅ ရက်နေ့တွင် တရုတ်နိုင်ငံ ကွမ်တုန်းသို့ ၀င်ရောက်

(GMT+08:00)2022-08-25 18:12:58  

ဖိလစ်ပိုင်နိုင်ငံသဘာဝဘေးအန္တရာယ် လျှော့ချရေးကော်မတီမှ ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၈ နာရီအထိ တိုင်ဖုန်းမုန်တိုင်း"Ma-on"ကြောင့် ဖိလစ်ပိုင်တွင် လူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယခုနှစ်၏ ၉ခုမြောက် တိုင်ဖုန်းမုန်တိုင်း "Ma-on"သည် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ Isabela ပြည်နယ်အနီးသို့ ဝင်ရောက်ခဲ့ပါသည်။

တရုတ်နိုင်ငံ ဗဟိုမိုးလေဝသဌာနမှ ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် တိုင်ဖုန်းမုန်တိုင်း"Ma-on"သည် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် တျန့်ဘိုင်း ကမ်းရိုးတန်းသို့ ၀င်ရောက်ခဲ့ကြောင်း သိရသည်။ ယင်း တိုင်ဖုန်းမုန်တိုင်းကို ထိထိရောက်ရောက် ရင်ဆိုင်နိုင်ရန် ကွမ်တုန်းပြည်နယ်ရှိ ဒေသများသည် အတန်းများ ရပ်ဆိုင်းရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး ရှုခင်းသာနေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာနေရာများကိုလည်း ယာယီပိတ်ထားကာ သင်္ဘောများနှင့် အမြန်ရထားများကိုလည်း ရပ်ဆိုင်းထားပါသည်။